International News

ပို့ကုန်မြှင့်တင်ရေးအတွက် စားသောက်ကုန်ထုတ်လုပ်ရေးနည်းပညာဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်

Last Updated:

Korea- Myanmar Technology Advice and Solutions from Korea (TASK) စီမံကိန်း နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့နှင့် Korea Food Research Institute (KFRI) တို့ ပူးပေါင်းပြီး ပို့ကုန်မြှင့်တင်ရေးအတွက် စားသောက်ကုန်ထုတ်လုပ်ရေး နည်းပညာဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် (သောကြာနေ့)၊ (၉:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Wyndham Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI)၊ သုတေသနဌာနမှ ဥက္ကဌ Dr. HONG Seok In တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ကိုရီးယား စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များမှ အစားသောက်ဘေးကင်းရေးစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးအရည်အသွေးထိန်းသိမ်းမှု၊ အစားအစာထုတ် ပိုးမှုဒီဇိုင်းများ၊ ဈေးကွက်ရှာဖွေရေး၊ ကိုရီးယားနိုင်ငံသို့ စားသောက်ကုန် တင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောပြီး မြန်မာ့စား သောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော စလေရှေ့ဆောင်ကုမ္ပဏီ၊ Golden Myanmar Honey Co.,Ltd တို့သည် တောင်ကိုရီးယားနိုင်ငံ Korea Natural Food Company တို့ အကြား စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအတွက် MOU ရေးထိုးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ Korea Food Research Institute (KFRI) မှ စားသောက်ကုန် ထုတ်လုပ်ရေးပညာရှင်များ၊ မြန်မာ့စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ (၂၃) ခု မှ ကိုယ်စားလှယ်(၅၃) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Category: International News